နယ်သာလန်နိုင်ငံ ရော့တာဒမ်၌ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခတွင် သေဆုံးသွားသော ကလေးငယ်များအတွက် အထိမ်းအမှတ်အနေဖြင့် ကလေးဖိနပ်အရံ ၈၀၀၀ ကျော်ကို ခင်းကျင်းပြသ

(GMT+08:00)2023-12-22 15:17:43  

  

ဒီဇင်ဘာလ ၂၀ ရက်နေ့က နယ်သာလန်နိုင်ငံ ရော့တာဒမ်ရှိ ရင်ပြင်တွင် အစ္စရေးစစ်တပ်က ဂါဇာကို တိုက်ခိုက်သည့် ၁၀ ပတ်အတွင်း ပါလက်စတိုင်းမှာ သေဆုံးခဲ့သည့် ကလေးအရေအတွက်ကို ကိုယ်စားပြုသည့် ဖိနပ်အရံ ၈၀၀၀ ကျော်ကို သပ်သပ်ရပ်ရပ် ခင်းကျင်းပြသထားခဲ့သည်။ ပြပွဲအပြီးတွင် အဆိုပါဖိနပ်များအား ဂါဇာဒေသရှိ ပါလက်စတိုင်းကလေးများကို လှူဒါန်းမည်ဖြစ်သည်။