
ဒီဇင်ဘာလ ၂၁ ရက်နေ့က ကွေ့ကျိုးပြည်နယ် ဖူအန်းခရိုင် ဟုန်ရှင်းရွာတွင် ရွာသူရွာသားများသည် ဘူးသီးများကို အခြောက်လှန်းနေကြသည်။ မကြာခင်နှစ်များအတွင်း ဖူအန်းခရိုင်သည် အရည်အသွေးမြင့် ဘူးသီးများကို တရုတ်မို ၄၀၀ ကျော် စိုက်ပျိုးပြီး ဘူးသီးအချောကိုင် အလုပ်ရုံများ တည်ဆောက်ကာ ဘူးသီးဖြင့် တူရိယာ၊ ဝိုင်ဘူးများ၊ အနုပညာလက်ရာများ စသည့် လက်မှုပစ္စည်းများအဖြစ် ထုတ်လုပ်ပြီး စိုက်ပျိုးရေး၊ အချောကိုင်ရေးမှ ရောင်းချရေးအထိ စက်မှုလုပ်ငန်း ကွင်းဆက်ကို တည်ထောင်သဖြင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင်နေရာ နှင့် ဝင်ငွေ တိုးလာစေပါသည်။








