ဟိုနန်ပြည်နယ် အရှေ့ပိုင်းဒေသ၌ လွန်ခဲ့သောနှစ်ပေါင်း ၄၀၀၀ က ရှမင်းဆက်၏ “စပါးသိုလှောင်ရုံ” ကိုရှာဖွေတွေ့ရှိ

(GMT+08:00)2023-12-22 15:16:52  

တရုတ်နိုင်ငံ ဟိုနန်ပြည်နယ် Zhoukou မြို့ ရှိ Zhuqiu ဘုရားကျောင်း အပျက်အစီးနေရာတွင် လွန်ခဲ့သော နှစ်ပေါင်း ၄၀၀၀ ခန့်က ရှ မင်းဆက်မှ စပါးသိုလှောင်ရုံများကို တွေ့ရှိခဲ့သည်။ ယင်းရှာဖွေတွေ့ရှိမှုသည် ရှေးဟောင်းတရုတ်မြောက်ပိုင်းဒေသ လယ်ယာစိုက်ပျိုးရေးအဆင့်အတန်း၊ စပါးသိုလှောင်မှုနည်းပညာနှင့် ဂိုဒေါင်တည်ဆောက်မှုသမိုင်းကို လေ့လာရန်အတွက် အချက်အလက်အသစ်များနှင့် ရှေးဟောင်း သုတေသနဆိုင်ရာ အထောက်အထားများကို ပံ့ပိုးပေးပါသည်။ Zhuqiu ဘုရားကျောင်း အပျက်အစီးနေရာသည် ဟိုနန်ပြည်နယ် Zhoukou မြို့ Sitong မြို့နယ်တွင် တည်ရှိပြီး စုစုပေါင်း ဧရိယာ စတုရန်းမီတာ ၈၅၀၀၀ ခန့် ရှိကာ သက်တမ်းမှာ ဘီစီ ၂၂၅၀ မှ ဘီစီ ၁၇၀၀ အထိ ရှိပါသည်။