ဟူပေပြည်နယ်တွင် ပုံဆောင်ခဲဒိုင်နိုဆောဥ ရုပ်ကြွင်းကို ပထမဆုံးအကြိမ် တွေ့ရှိ

(GMT+08:00)2023-12-22 15:15:34  

မကြာသေးမီက ကမ္ဘာ့အတိုင်းအတာအကြီးဆုံး ဒိုင်နိုဆောဥရုပ်ကြွင်းနေရာဖြစ်သည့် Yunyang ဒိုင်နိုဆောဥရုပ်ကြွင်းစု အမျိုးသားဘူမိဗေဒဥယျာဉ်တွင် ပူးတွဲသိပ္ပံသုတေသနအဖွဲ့သည် ပုံဆောင်ခဲဒိုင်နိုဆောဥရုပ်ကြွင်း ၃ လုံးကို တွေ့ရှိခဲ့ပြီး ၎င်းသည် ဟူပေပြည်နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ပုံဆောင်ခဲဒိုင်နိုဆောဥရုပ်ကြွင်း များကို ရှာဖွေတွေ့ရှိခြင်းဖြစ်သည်။ ဤ ဒိုင်နိုဆောဥရုပ်ကြွင်း ၃ လုံးသည် ကောင်းမွန်စွာရှိနေပြီး အနီးတစ်ဝိုက်ရှိ ပုံဆောင်ခဲမဟုတ်သော ဒိုင်နိုဆောဥ ၂၈ လုံးအပါအဝင် ဥ ၃၁ လုံး တွေ့ရှိခဲ့သည်။