အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ ရဟတ်ယာဉ်ပျက်ကျပြီး လူ ၂ ဦး သေဆုံး

(GMT+08:00)2023-12-21 13:48:44  

အမေရိကန် Pennsylvaniaပြည်နယ် Philadelphiaမြို့တွင် သတင်းရိုက်ကူးပြီး ပြန်လာသည့် ရုပ်မြင်သံကြားဌာနတစ်ခု၏ ရဟတ်ယာဉ်တစ်စီး နယူးဂျာစီပြည်နယ်ရှိ တောအုပ်တစ်ခုမှာ ပျက်ကျကာ လေယာဉ်မှူးနှင့် ဓာတ်ပုံဆရာနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ၁၉ရက်နေ့  ည ၇နာရီ မိနစ် ၂၀ နောက်ပိုင်း၌ ဖြစ်ပွားခဲ့ပြီး အကြောင်းအရင်းမသိရသေးကြောင်း ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၀ ရက်နေ့က အေပီသတင်းဌာနက ဖော်ပြပါသည်။