ရှင်းကျန်း၌ ဥပဒေနှင့်အညီ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး အစီရင်ခံစာ စက္ကူပြာစာတမ်း ထုတ်ပြန်၊ ရှင်းကျန်း၏ လူ့အခွင့်အရေးလုပ်ငန်း ဘက်စုံ တိုးတက်မှု ရရှိ

(GMT+08:00)2023-12-21 13:48:07  

၂၀၂၃ ခုနှစ် 'တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြစ်စဉ်၌ ရှင်းကျန်း လူ့အခွင့်အရေးလုပ်ငန်း အရည်အသွေး မြင့်မားစွာ တိုးတက်ရေးကို တွန်းအားပေးခြင်း' သဘောတရား နှီးနှောဖလှယ်ပွဲနှင့် အကြောင်းအရာဖြစ်ရပ်များ မျှဝေပွဲကို မကြာမီက ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဝူလူမူချီမြို့၌ ကျင်းပခဲ့ရာ အစည်းအဝေး တက်ရောက်ကြသော ကျွမ်းကျင်ပညာရှင်များသည် 'ယနေ့ခေတ် တရုတ်လူ့အခွင့်အရေးအမြင်များကို ရှင်းကျန်း၌ လက်တွေ့ကျကျဖော်ဆောင်ခြင်း' အပါအဝင် အကြောင်းများကို ဝိုင်းဝန်းပြီး ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် 'ရှင်းကျန်း၌ ဥပဒေနှင့်အညီ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး အစီရင်ခံစာ' စက္ကူပြာစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။

   အစည်းအဝေးတွင် ရှင်းကျန်းရှိ လုပ်ငန်းနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်များသည် မျက်မြင်ကိုယ့်တွေ့ အကြောင်းဖြစ်ရပ်များကို မိတ်ဆက်ရှင်းလင်းပြောကြားခဲ့ပြီး ရှင်းကျန်း၏ လူ့အခွင့်အရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ခြင်းသည် တရုတ်နိုင်ငံနှင့် ရှင်းကျန်းဒေသ၏ လက်တွေ့အခြေအနေနှင့် ကိုက်ညီရုံသာမက နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခြေခံ စိတ်ဓာတ်နှင့်လည်း ကိုက်ညီပါကြောင်း ဖော်ပြခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။