ကင်ဂျုံအန်းသည် တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်မှုတွင် ပါဝင်သော ဝန်ထမ်းများနှင့် တွေ့ဆုံ

(GMT+08:00)2023-12-21 13:50:06  

မြောက်ကိုရီးယားKCNA မှ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရ မြောက်ကိုရီးယားအလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ ကင်ဂျုံအန်းသည် ၂၀ ရက်နေ့က အလုပ်သမားပါတီရုံးချုပ်၌ “Hwasong Cannon-18” တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်လေ့ကျင့်မှုမှာ ပါဝင်သော ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ကြောင်း သိရပါသည်။ကင်ဂျုံအန်းက ယခုအကြိမ် တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်မှုသည် မြောက်ကိုရီးယား၏ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြသပြီး ရန်သူများက မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ဖြင့် ရန်စလျှင် မြောက်ကိုရီးယားက နျူကလီးယားတိုက်ခိုက်မှုကို မဆိုင်းမငံ့ ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။