ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကကိုယ်ပိုင်သေနတ်လိုင်စင်ထုတ်ပေးမှု တစ်နှစ်ဆိုင်းငံ့မည်ဟု ကြေညာ

(GMT+08:00)2023-12-21 13:49:42  

ထိုင်းနိုင်ငံတွင် ယခုလောလောဆယ် ပစ်ခတ်မှုများစွာ ဖြစ်ပွားခဲ့ပြီး သေနတ်ထိန်းချုပ်ရန် လူထုတောင်းဆိုမှုများ ပေါ်ထွက်လာခဲ့ပါသည်။ ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနသည် ယနေ့မှစပြီး တစ်နှစ်အတွင်း ပုဂ္ဂလိကကိုယ်ပိုင်သေနတ် လိုင်စင်အသစ် ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားမည်ဟု ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကြေညာခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ပုဂ္ဂလိက ကိုင်ဆောင်ထားသော သေနတ် အရေအတွက် အံ့မခန်းဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် ပုဂ္ဂလိကပိုင်သေနတ် ၁၀ သန်းကျော်ရှိပြီး လူ ၇ဦးလျှင် တစ်ဦးက သေနတ်တစ်လက်ကိုင်ဆောင်ထားခြင်းဖြစ်ကြောင်း အေအက်ဖ်ပီက ဆစ်ဒနီတက္ကသိုလ် လက်နက်များ ဒေတာဘေ့စ် ဝက်ဘဆိုဒ်၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ထုတ်ပြန်ခဲ့ပါသည်။