ဝမ်ယိသည် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာနာလို နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2023-12-21 13:50:53  

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သည် ဒီဇင်ဘာလ ၂၀ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာနာလို နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်။ ဝမ်ယိက လက်ရှိ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးမှာ ပြင်းထန်သောအခက်အခဲနှင့် ရင်ဆိုင်နေရပြီး အဓိက အကြောင်းရင်းကတော့ ဖိလစ်ပိုင်နိုင်ငံသည် အခုထိ မူဝါဒ ရပ်တည်ချက် ပြောင်းလဲခဲ့ပြီး ကတိကဝတ်များကို ကျောခိုင်းကာ ပင်လယ်ပြင်တွင် အဆက်မပြတ်ရန်စ၍ တရုတ်နိုင်ငံ၏ တရားဝင် အခွင့်အရေး ထိခိုက်ခဲ့ခြင် ဖြစ်ကြောင်း၊ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေ၍ မည်သည့်နေရာသို့ သွားရမည်ကို ရွေးချယ်ရမည်ဖြစ်ကာ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ချင့်ချင့်ချိန်ချိန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

မာနာလို သည် Ren'ai Jiao ပြဿနာနှင့် ပတ်သက်၍ ဖိလစ်ပိုင်၏ အမြင်များကို ရှင်းပြခဲ့ပြီး နှစ်ဖက်စလုံးမှ လက်ခံနိုင်သော နည်းလမ်းဖြင့် ကွဲပြားမှုများကို စီမံခန့်ခွဲရန်၊ တင်းမာမှုများ လျော့နည်းလာစေရန်နှင့် ပဋိပက္ခများ မဖြစ်ပွားအောင် တားဆီးကာကွယ်ရန် မျှော်လင့်ချက်ကို ဖော်ပြခဲ့သည်။