တရုတ်နှင့် ရုရှား တပ်မတော် တို့သည် ၂၂ ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

(GMT+08:00)2023-12-21 13:50:29  

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရုတ်နှင့် ရုရှား တပ်မတော်တို့သည် ၂၂ ကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးပွဲကို ဘေကျင်း၌ ကျင်းပခဲ့သည်။ နှစ်ဖက်တို့သည် နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေး အခြေအနေ၊ နှစ်နိုင်ငံ တပ်မတော် အကြား ဆက်ဆံရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။ တရုတ်သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတပူတင်တို့ ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုကို ကောင်းမွန်စွာ လက်တွဲ အကောင်အထည်ဖော်ဆောင်မည် ဖြစ်ပြီး နှစ်နိုင်ငံ တပ်မတော်၏ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အဆင့်အတန်းကို တစ်ဆင့်တိုး မြှင့်တင်၍ ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို မြှင့်တင်ရန်နှင့် လူသား ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရေး တွန်းအားပေးရန်  အကျိုးဆောင်မှုအသစ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။