တရုတ် ဗဟို ကျေးလက် ဒေသ လုပ်ငန်း အစည်းအဝေး ဘေကျင်းတွင် ကျင်းပပြီး ရှီကျင့်ဖိန်သည် သက်ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီး ညွန်ကြားချက် ပြောကြား

(GMT+08:00)2023-12-21 13:51:17  

တရုတ် နိုင်ငံ ဗဟို ကျေးလက် ဒေသ လုပ်ငန်း အစည်းအဝေးကို ယခုလ ၁၉ရက်နေ့မှ ၂၀ရက်နေ့အထိ ဘေကျင်းတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသ နှင့် လယ်သမား ဆိုင်ရာ လုပ်ငန်းများ၏ လက်ရှိ အခြေအနေနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ပြီး ၂၀၂၄ခုနှစ် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမား ဆိုင်ရာ လုပ်ငန်းများကို စီစဉ်ပေးခဲ့ပါသည်။

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် သမ္မတ၊ ဗဟို စစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက်ဒေသ နှင့် လယ်သမား ဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ အရေးကြီး ညွန်ကြားချက်ကို ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ် အသွင်ပုံစံ ခေတ်မီရေး တွန်းအားပေးရေး အတွက် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာ အခြေခံ အုတ်မြစ်ကို ခိုင်မာအောင် မလျှော့သော ဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်ပြီး ကျေးလက်ဒေသ ဘက်စုံ ရှင်သန်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ပါတီ ကော်မတီနှင့် အစိုးရ အဆင့်ဆင့်တို့သည် လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ဦးစားပေး ဆောင်ရွက်ခြင်းကို စွဲကိုင်ပြီး မြို့ပြနှင့် ကျေးလက်ဒေသ ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန် စွဲကိုင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။