ဌာနသုံးခုသည် တတိယအသုတ်ဖြစ်သော ဗဟိုအစိုးရဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း ၂၂၀၀၀ ကို ကမ်းစုပြည်နယ် ငလျင်ဒဏ်သင့်ဒေသများသို့ ပို့ဆောင်

(GMT+08:00)2023-12-20 13:16:33  

အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေး ကော်မတီနှင့် အရေးပေါ် စီမံခန့်ခွဲမှုဌာနတို့သည် ဒေသန္တရ ဘေးအန္တရာယ် ကယ်ဆယ်ရေး လိုအပ်ချက်များအရ  အမျိုးသား စားနပ်ရိက္ခာနှင့် ထောက်ပံ့ရေးပစ္စည်း ဌာနနှင့်အတူ ယခင်က ကမ်းစုပြည်နယ် ဘေးသင့်ဒေသသို့ ပို့ဆောင်ခဲ့သော ဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း ၉ သောင်းအပြင် တတိယသုတ်အဖြစ် ဗဟိုအစိုးရ ဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း ၂၂၀၀၀ ကို ကမ်းစုပြည်နယ် ငလျင်ဒဏ်သင့်ဒေသများသို့ ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ ပစ္စည်းများထဲတွင် ၁၂ စတုရန်းမီတာရှိ ချည်ရွက်ဖျင်တဲ ၂၀၀၀ ၊ ခေါက်ကုတင် ၅၀၀၀ ၊ အနွေးထည် ၅၀၀၀ နှင့် စောင် ၁၀၀၀၀ တို့ ပါဝင်ကြောင်း သိရပါသည်။ ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေ ၅ နာရီအထိ ကမ်းစုနှင့် ချင်းဟိုင် ပြည်နယ် ၂ ခုသို့ ဗဟိုအစိုးရ ဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်း ၁၃၃၅၀၀ ကို ပို့ဆောင်နေပြီဖြစ်ပြီး ဘေးသင့်ဒေသများတွင် ပြည်သူများ နေရာချထားရေးနှင့် ကူညီထောက်ပံ့ရေးဆောင်ရွက်ရန် အပြည့်အဝ အထောက်အကူပြုနေကြောင်း သတင်းအရ သိရပါသည်။