တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့် ဆွေးနွေးထိတွေ့ရန် တံခါးပိတ်မည် မဟုတ်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00)2023-12-20 11:26:52  

ဒီဇင်ဘာလ ၁၉ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ပုံမှန် သတင်းစာရှင်းလင်းပွဲ ကို ဦးစီးကျင်းပခဲ့သည်။ သတင်းထောက်တစ်ဦးက လက်ရှိ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးနှင့် ပတ်သက်သည့် မေးခွန်းကို မေးခဲ့သည်။

ဝမ်ဝင်ပင်က တောင်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်ကြား မကြာသေးမီက ဖြစ်ပွားခဲ့သော အဖြစ်အပျက်များသည် လုံးဝ ဖိလစ်ပိုင်၏ တမင်ချိုးဖောက်မှု၊ ရန်စမှု ဖြစ်သောကြောင့် ဖိလစ်ပိုင်တွင် တာဝန်ရှိကြောင်း၊ တရုတ်နိုင်ငံသည်  ပိုင်နက်အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာအခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင်အမာကာကွယ်ပြီး တစ်ချိန်တည်းမှာပင် ပင်လယ်ရေးရာ သဘောကွဲလွဲမှုများသည် တရုတ်-ဖိလစ်ပိုင်ဆက်ဆံရေး တစ်ခုလုံးမဟုတ်ဟု မိမိတို့ယုံကြည်ကာ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့်  ညှိနှိုင်းဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုများကို သင့်လျော်စွာစီမံခန့်ခွဲလိုပြီး ဖိလစ်ပိုင်နှင့် ဆွေးနွေးထိတွေ့ရန် တံခါးပိတ်မည် မဟုတ်ကြောင်း၊ ဖိလစ်ပိုင်ဘက်အား  တိုင်ပင်ဆွေးနွေးခြင်းဖြင့် သဘောကွဲလွဲမှုများ သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းသည့်ကတိပြုချက်ကို လက်တွေ့ကျကျဖော်ဆောင်နိုင်ပြီး တရုတ်ပြည်ဘက်နှင့်အတူ နှစ်ဖက်ဆက်ဆံရေး ပုံမှန်တည်ငြိမ်စွာ တိုးတက်စေပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။