တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်လျှောက်လုံး ခိုင်မာစွာထောက်ခံသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-20 11:23:13  

    ဒီဇင်ဘာလ ၁၉ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တစ်လျှောက်လုံး ခိုင်မာစွာထောက်ခံ ကြောင်း၊ မြန်မာနိုင်ငံသက်ဆိုင်ရာဘက်အသီးသီးတို့အား ထိတွေ့ဆွေးနွေးရန် ထောက်ခံ မှုပေးပြီးအဆင်ပြေစေရန်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မိမိတို့၏ ရပ်တည်ချက်မှာ တစ်သတ်မတ်တည်းဖြစ်ကြောင်း၊ မိမိတို့သည် မြန်မာနိုင်ငံသက်ဆိုင်ရာဘက်အသီးသီး တို့အား ရရှိပြီး သဘောတူစာချုပ်များနှင့် သဘောတူညီမှုများကို အမြန်ဆုံး အကောင် အထည်ဖော်ပြီး တတ်နိုင်သမျှ ချုပ်တည်းကာ လက်ရှိ အခြေအနေကို လျော့ပါးစေပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထိန်းချုပ်၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ အခြေအနေ ပြေလည်လာစေဖို့ အတူတကွတွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။