ကန်အား တရုတ်ပြည်လုံခြုံရေးကို ခြိမ်းခြောက်ထိခိုက်သော၊ ဒေသတွင်းအငြင်းပွားမှုအန္တရာယ် တိုးများစေသော အန္တရာယ်ရှိသည့်လုပ်ရပ်ကို ပြုပြင်ရန် တရုတ် တိုက်တွန်း

(GMT+08:00)2023-12-20 13:14:20  

ဒီဇင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။

ဝမ်ဝင်ပင်က အမေရိကန် အင်ဒို-ပစိဖိတ် စစ်ဦးစီးချုပ် John Aquilino၏ ပြောဆိုချက်နှင့်ပတ်သက်၍ တုံ့ပြန်ရာတွင် အမေရိကန်ဘက်မှ သင်္ဘောနှင့်လေယာဉ်များကို စေလွှတ်ပြီး တရုတ်အနီးတစ်ဝိုက်ရှိ ပင်လယ်နှင့်ဝေဟင်တို့၌ အနီးကပ်ကင်းထောက်ခဲ့သည့် လုပ်ရပ်ကို တရုတ်ပြည်ဘက်က တစ်လျှောက်လုံး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ အမေရိကန်အား တရုတ်ပြည်လုံခြုံရေးကို ခြိမ်းခြောက်ထိခိုက်သော၊ ဒေသတွင်းအငြင်းပွားမှုအန္တရာယ် တိုးများစေသော အန္တရာယ်ရှိသည့်လုပ်ရပ်ကို ပြုပြင်ရန် မိမိတို့ တိုက်တွန်းကြောင်း အလေးထား ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။