ကမ်းစုနှင့် ချင်းဟိုင် ပြည်နယ် ဘေးသင့်ဒေသများတွင် ဆက်သွယ်မှု နှင့် လျှပ်စစ်ဓာတ်အားများ ပုံမှန် ပြန်ဖြစ်လာပြီး ငလျင်ကြောင့် လူ ၁၂၇ ဦးသေဆုံး

(GMT+08:00)2023-12-20 13:16:04  

ကမ်းစုနှင့် ချင်းဟိုင် ပြည်နယ် ဘေးသင့်ဒေသများတွင် ၁၉ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၃၀ အထိ ငလျင် ဘေးဒဏ်ကြောင့် ယာယီပြတ်တောက်သွားသော ဆက်သွယ်မှု စခန်း ၃၁၄ ခု အားလုံး ပုံမှန် ပြန်ဖြစ်နေပြီဖြစ်ကြောင်း၊ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ ဆက်သွယ်ရေးလုပ်ငန်းမှ အရေးပေါ် မော်တော်ယာဉ် ၂၁၇ စီး၊ လျှပ်စစ်ဓာတ်အားပေးစက် ၄၂၂ လုံး၊ ဂြိုဟ်တုဖုန်း ၃၂ လုံးကို ဘေးသင့်ဒေသသို့ ပေးပို့ခဲ့ပြီး ကြိုတင်သတိပေးသည့် message ၃.၅၅ သန်း ပို့ခဲ့ကြောင်း သတင်းအရ သိရပါသည်။ ထို့အပြင် ၁၉ ရက်နေ့ ည ၇ နာရီ ၂၁ မိနစ်အထိ ချင်းဟိုင် ပြည်နယ်တွင် ငလျင် ဘေးဒဏ်ကြောင့် ယာယီပြတ်တောက်သွားသော လျှပ်စစ်မီးများလည်း အားလုံး ပုံမှန် ပြန်ဖြစ်လာနေပြီဖြစ် ကြောင်း သိရပါသည်။

ဒီဇင်ဘာလ ၁၈ရက်နေ့ ည ၁၁နာရီ ၅၉ မိနစ်က ကန်းစုပြည်နယ် လင်းရှပြည်နယ်ခွဲ ကြီးရှီစန်းခရိုင်တွင်  ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ၁၉ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၅၀ အထိ ယင်းငလျင်ကြောင့် လူ ၁၂၇ ဦး (ကမ်းစုပြည်နယ်တွင် ၁၁၃ ဦးနှင့် ချင်းဟိုင်ပြည်နယ်တွင် ၁၄ ဦး) သေဆုံးပြီး ငလျင် လှုပ်ခတ်ရာဒေသနှင့်အနီးတစ်ဝိုက်ရှိ အိမ်၊ ရေ၊ မီး၊ လမ်းစသည့် အခြေခံ အဆောက်အဦများ ပျက်စီးသွားကြောင်း သတင်းအရ သိရပါသည်။