ကန် Coloradoပြည်နယ် တရားရုံးချုပ်သည် ထရန့်က ပြည်နယ်၌ ၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲဆိုင်ရာ ပါတီအတွင်း ပဏာမအရွေးခံရန်အရည်အချင်းမရှိဟု စီရင်ဆုံးဖြတ်

(GMT+08:00)2023-12-20 13:15:07  

    ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၉ရက်နေ့က အမေရိကန် Coloradoပြည်နယ် တရားရုံးချုပ်သည် သမ္မတဟောင်း ထရန့်က ပြည်နယ်၌ ၂၀၂၄ခုနှစ် သမ္မတရွေးကောက်ပွဲဆိုင်ရာ ပါတီအတွင်း ပဏာမအရွေးခံရန်အရည်အချင်းမရှိဟု စီရင် ဆုံးဖြတ်ခဲ့ကြောင်း၊ ထရန့်၏အဖွဲ့သည် ပြည်ထောင်စုတရားရုံးချုပ်ထံသို့ အယူခံဝင်မည်ဟု ပြောဆိုခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။