Reykjanes ကျွန်းဆွယ် မီးတောင်ပေါက်ကွဲမှုကြောင့် မြို့တော်တွင် လေထုညစ်ညမ်းမှု ဖြစ်စေနိုင်သည်ဟု အိုက်စလန် မိုးလေဝသဌာန ဆို

(GMT+08:00)2023-12-20 11:26:15  

ဒီဇင်ဘာလ ၁၈ ရက်နေ့ ညတွင် အိုက်စလန်နိုင်ငံ Reykjanes ကျွန်းဆွယ်ရှိ မီးတောင်တစ်ခု ပေါက်ကွဲခဲ့ပါသည်။ ၁၉ ရက်နေ့တွင် အိုက်စလန် မိုးလေဝသဌာနမှ ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာမှာ ယင်းမီးတောင်ပေါက်ကွဲမှုသည် လက်ရှိတွင် အားပျော့သွားသော်လည်း လာမည့်နှစ်ရက်တွင် မြို့တော် Reykjavik ၌ လေထုညစ်ညမ်းမှုကို ဖြစ်စေနိုင်ကြောင်း ဖော်ပြခဲ့ပါသည်။