၂၀၂၃ ခုနှစ် "Nature" ၏ ထူးခွန်သော လူပုဂ္ဂိုလ် ၁၀ဦး စာရင်းတွင် ChatGPT ပါဝင်

(GMT+08:00)2023-12-20 11:25:42  

ယခုရက်များတွင် နိုင်ငံတကာမှာ နာမည်ကျော်ကြားသော ပညာရပ်ဆိုင်ရာ ဂျာနယ် "Nature" သည် ၂၀၂၃ ခုနှစ်၏ ထူးခွန်သော လူပုဂ္ဂိုလ် ၁၀ဦး(Nature’s10)ကို ကြေညာခဲ့ပါသည်။ ယခုနှစ်၌ ထူးခြားသည်မှာ ပုံမှန်အတိုင်း ကမ္ဘာတစ်ဝှမ်းက အရေးကြီးသော သိပ္ပံဆိုင်ရာ ဖြစ်ရပ်များမှ ရွေးချယ်ထားသည့်လူပုဂ္ဂိုလ် ၁၀ဦး အပြင် လူသားမဟုတ်သော ဉာဏ်ရည်တု (AI) ကိရိယာ ChatGPT လည်း စာရင်းမှာ ပါဝင်ပါသည်။ "Nature" ဂျာနယ် မှ အယ်ဒီတာချုပ်တစ်ဦးဖြစ်သူ Richard Monastersky က ဤကိရိယာသည် လူသားတစ်ဦးမဟုတ်သည့်အပြင် ရွေးချယ်ခြင်းစံနှုန်းများနှင့်လည်း မကိုက်ညီသော်လည်း AIGCဉာဏ်ရည်တုက သိပ္ပံနည်းပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော ပြောင်းလဲမှုများ ဆောင်ကြဉ်းပေးခြင်းကို အသိအမှတ်ပြုရန် "Nature"က ၎င်းကို ခြွင်းချက်တစ်ခုအဖြစ် စာရင်းတွင် ထည့်သွင်းပေးသည်ဟု ပြောကြားခဲ့ပါသည်။