ရှီကျင့်ဖိန် သည် အီဂျစ်နိုင်ငံသမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရသော Abdel Fattah al Sisi အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-12-20 11:24:12  

    ဒီဇင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အီဂျစ်နိုင်ငံသမ္မတ အဖြစ် ဆက်လက်ရွေးချယ်ခံရသော Abdel Fattah al Sisi အား ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါသည်။
    ရှီကျင့်ဖိန် က တရုတ်-အီဂျစ်နှစ်နိုင်ငံတို့သည် စိတ်တူသဘောတူပြီး အချင်းချင်း ယုံကြည်ရသော မိတ်ဆွေကောင်း ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲ ကြိုးပမ်းပြီး အတူတကွစည်ပင်သာယာသော မိတ်ဖက်ကောင်းလည်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များတွင် တရုတ်-အီဂျစ်ဆက်ဆံရေးသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက် လာပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ကျပူးပေါင်းဆောင်ရွက်ရေး အောင်မြင်မှု များစွာ ရရှိကာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေး အဆက်မပြတ်နက်ရှိုင်းလာခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်-အီဂျစ်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် လွန်စွာအလေးထားကြောင်း၊ အဆွေတော်သမ္မတနှင့်အတူ အချင်းချင်း ဆက်လက်ထောက်ခံအားပေးပြီး တရုတ်-အီဂျစ် “Belt and Road”အတူတကွတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအား ပေးရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို လက်တွဲကာကွယ်ထိန်းသိမ်းရန်၊ တရုတ်-အီဂျစ်ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်ကဏ္ဍသစ်သို့ တိုးမြှင့်ပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြု စွမ်းဆောင်လိုပါကြောင်း ဖော်ပြခဲ့ပါသည်။