၁၃၆ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ကြပ်မတ်ရေး စတင်

(GMT+08:00)2023-12-20 13:12:18  

ဒီဇင်ဘာလ ၁၉ ရက်နေ့က တရုတ်ပြည်ဘက်မှ ဥပဒေစိုးမိုးရေး သင်္ဘောသုံးစင်းသည် ရှစ်ဆောင်ပဏ္ဏား ကျင်ဟာ ဆိပ်ကမ်းမှ ထွက်ခွာပြီး ၁၃၆ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ကြပ်မတ်ရေးဆောင်ရွက်မှု စတင်ခဲ့သည်။ ယခုအကြိမ် ဆောင်ရွက်မှုတွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံတို့သည် ဥပဒေစိုးမိုးရေး သင်္ဘော၆စင်း စေလွှတ်ပြီး ၄ ရက်နှင့် ၃ ည ကြာ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ယင်းကာလအတွင်း ဖိတ်ကြားချက်အရ တရုတ်သင်္ဘော ၅၃၁၀၇သည် မြန်မာနိုင်ငံ ဝမ်ဘန်း ရေကြောင်း ရဲစခန်းသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဖြစ်သည်။