ပင်လယ်ရေမျက်နှာပြင်အထက် ၄၅၀၀မီတာမြင့်သော ရှီးဇန့်(တိဘက်) အာလီသို့ သွား၍ ကမ္ဘာ့ခေါင်မိုး၏ မှော်ဆန်သောအလှကို ခံစားလိုက်ပါ

(GMT+08:00)2023-12-19 14:09:47  

ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် ၄၅၀၀မီတာရှိပြီး ရှီးဇန့်(တိဘက်) အာလီကို "ရှီးဇန့်၏ရှီးဇန့်" နှင့် "ကမ္ဘာ့ခေါင်မိုး၏ခေါင်မိုး" ဟုခေါ်ကြပါသည်။ ကမ္ဘာတွင် "ထောင်နှင့်ချီသောတောင်ရှိရာနေရာ၊ သောင်းနှင့်ချီသောမြစ်များ မြစ်ဖြားခံရာနေရာ"ဟူသော အမည်များဖြင့် ကျော်ကြားပါသည်။ လူစည်ကားသောမြို့မှ ထွက်ခွာပြီး ကမ္ဘာ့ထိပ်ပေါ်သို့ တက်လှမ်းသည့်အခါ မြင့်မြတ်သောတောင်များနှင့် သန့်ရှင်းသောရေကန်များ၏ ဆွဲဆောင်မှုများကို ခံစားနိုင်ပြီး ဇန်တာထူကြီးကျယ်ခမ်းနားသော ရှုခင်းများကို ခံစားနိုင်ကာ စိတ်အေးချမ်းပျော်ရွှင်စေပါသည်။