လာမည့်နှစ် ၂၀ အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံး ဖြစ်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်း

(GMT+08:00)2023-12-19 14:06:29  

   ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ် သတင်းစာမှ ၁၆ ရက်နေ့ သတင်းအရ ထိုင်းနိုင်ငံမှာ သက်ကြီးရွယ်အိုဦးရေ တိုးမြင့်လာခြင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု လျော့နည်းလာခြင်းကြောင့် လာမည့်နှစ် ၂၀ အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် အာဆီယံနိုင်ငံများတွင် အနိမ့်ဆုံး ဖြစ်မည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါသည်။

   စီးပွားရေး ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက လာမည့်နှစ် ၂၀ အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိမည် ဖြစ်ပြီး အာဆီယံဒေသတွင် အနိမ့်ဆုံး ဖြစ်မည်ဟု ကမ္ဘာ့ဘဏ်က ဖော်ပြခဲ့ပါသည်။

  သက်ကြီးရွယ်အို ဦးရေ တိုးများခြင်းကြောင့် ဖြစ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်အတွက် ရေရှည်ရှုထောင့်အရ ကြည့်လျှင် ထိုင်းနိုင်ငံသည် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ကုန်ထုတ်စွမ်းအားကို တိုးမြှင့်ရန် လိုအပ်သည့်အပြင် ဆန်းသစ်တီထွင်ရေး လုပ်ငန်းဌာနများ၌ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်လည်း လိုအပ်သည်ဟု ကမ္ဘာ့ဘဏ်က ထောက်ပြထားကြောင်း China Media Group မှသတင်းအရ သိရပါသည်။