ရက်ပေါင်း ၂၃၅ ရက်နှင့် ရေမိုင် ၁ သိန်း ခရီးစဉ်ပြီးနောက် တရုတ် ရေတပ်မှ ၄၄ သုတ်မြောက် အစောင့်အကြပ်ရေယာဉ်စု အောင်မြင်စွာ ပြန်လာ

(GMT+08:00)2023-12-19 14:05:43  

၁၈ ရက်နေ့က အေဒင်ပင်လယ်ကွေ့ ဆိုမာလီယာပင်လယ်ရပ်ဝန်းသို့ သွားရောက်သော တရုတ် ရေတပ်မှ ၄၄ သုတ်မြောက် အစောင့်အကြပ်ရေယာဉ်စုသည် ရက်ပေါင်း ၂၃၅ ရက်နှင့် ရေမိုင် ၁ သိန်း ခရီးစဉ်ပြီးနောက် ကျူးဆန်းဆိပ်ကပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဧပြီလ ၂၈ ရက်နေ့က ကျူးဆန်းမှ ထွက်ခွာပြီးနောက်ပိုင်း တရုတ် ရေတပ်မှ ၄၄ သုတ်မြောက် အစောင့်အကြပ်ရေယာဉ်စုသည် နိုင်ငံတကာ ကယ်ဆယ်ရေး တာဝန်များကို တက်ကြွစွာထမ်းဆောင်ပြီး နိုင်ငံတကာ စစ်ရေး ကူးလူးဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူ့သံတမန်ရေးရာ လှုပ်ရှားမှုများကို လုပ်ဆောင်ကာ အသုတ် ၂၈သုတ်၊ သင်္ဘော ၃၃ စင်း၏ စောင့်ကြပ်ရေး မစ်ရှင်များ အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့သည် ကာကွယ်ထားသော သင်္ဘောများနှင့် မိမိတို့ သင်္ဘောများအားလုံး ရာခိုင်နှုန်းပြည့် ဘေးကင်းမှုကို ဆက်လက်ထိန်းသိမ်းထားပြီး စစ်ရေးဆိုင်ရာ မစ်ရှင်မျိုးစုံ  စွမ်းဆောင်ရည်ကို မြှင့်တင်ကြောင်း၊ စောင့်ကြပ်ရေး တာဝန်ပြီးနောက် ၎င်းတို့သည် အိုမန်၊ ကူဝိတ်၊ ကာတာ၊ အာရပ်စော်ဘွားများနိုင်ငံနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်လည်ပတ်ပြီး အာရေဗျပင်လယ် မြောက်ပိုင်း ရေပြင်တွင် တရုတ်-ပါကစ္စတန် Sea Guardian-3 ပင်လယ်ပြင် ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကာ စင်ကာပူ၌ နည်းပညာပိုင်းဆိုင်ရာ ယာယီ ရပ်နားခဲ့ကြောင်း၊ ခေတ်သစ်တွင် တရုတ် ပြည်သူ့ရေတပ်၏ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်မှုအပြည့်ရှိခြင်းကို ပြသထားကြောင်း သိရပါသည်။