ကန်စုပြည်နယ် ကြီးရှီစန်းခရိုင်တွင် ငလျင်ကြောင့် လူ ၁၁၁ ဦး သေဆုံးခဲ့

(GMT+08:00)2023-12-19 15:08:22  

ကန်းစုပြည်နယ် လင်းရှပြည်နယ်ခွဲ ကြီးရှီစန်းခရိုင်တွင် ဒီဇင်ဘာလ ၁၈ရက်နေ့ ည ၁၁နာရီ ၅၉ မိနစ်က ရစ်ချ်တာစကေး ၆.၂ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။ ၁၉ရက်နေ့ နံနက် ၆နာရီအထိ ယင်းငလျင်ကြောင့် ကန်းစုပြည်နယ်တွင် လူ ၁၀၀ ကျော်သေဆုံးပြီး ၉၆ဦး ဒဏ်ရာရရှိခဲ့ကာ ချင်းဟိုင်ပြည်နယ်တွင် လူ ၁၁ဦးသေဆုံးပြီး လူ ၁၄၀ ဒဏ်ရာရရှိခဲ့ပါသည်။ ငလျင်ဗဟိုချက်နှင့် ပတ်ဝန်းကျင်ဒေသများတွင် အိမ်၊ ရေ၊ လျှပ်စစ်နှင့် လမ်း စသည့် အမျိုးမျိုးသော အခြေခံအဆောက်အအုံများ ပျက်စီးခဲ့ပါသည်။ သက်ဆိုင်ရာပြည်နယ် ဌာနများ၊ လင်းရှပြည်နယ်ခွဲနှင့် ကြီးရှီစန်းခရိုင်တို့သည် ငလျင်လှုပ်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးများလျင်မြန်စွာဆောင်ရွက်ခဲ့ကြပြီး ဘက်အသီးသီးမှ ကယ်ဆယ်ရေးအဖွဲ့များသည် ငလျင်ဘေးသင့်ဒေသသို့ ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေး၊ ဒဏ်ရာရှိသူများဆေးကုသရေး၊ ရွှေ့ပြောင်းပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်အခြေအနေ စုံစမ်းစစ်ဆေးရေးနှင့် အဆောက်အအုံများပြုပြင်မွမ်းမံရေးစသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို လျင်မြန်စွာ ဆောင်ရွက်လျက်ရှိပါသည်။