ရှီကျင့်ဖိန်သည် ဟိုယားစင်(Ho Iat Seng)၏ အစီရင်ခံစာကို ကြားနာ

(GMT+08:00)2023-12-19 15:32:54  

တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၁၈ရက်နေ့ညနေပိုင်းက ပီကင်းမြို့တွင် မကာအိုအထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ဟိုယားစင်(Ho Iat Seng)နှင့် တွေ့ဆုံပြီး လက်ရှိဟောင်ကောင်အခြေအနေ နှင့် အထူးအုပ်ချုပ်ရေးဒေသ အစိုးရလုပ်ငန်း အစီရင်ခံစာကို ကြားနာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ပြီးခဲ့သည့်နှစ်တစ်နှစ်တွင် အုပ်ချုပ်ရေးမှူးဟိုယားစင်သည် အထူးအုပ်ချုပ်ရေးဒေသအစိုးရကို ဦးဆောင်ပြီး တာဝန်ကို သိက္ခာရှိရှိထမ်းဆောင်ပြီး လက်တွေ့ကျစွာ ဆောင်ရွက်ခဲ့ကြောင်း၊ မကာအို ဆိုင်ရာ နိုင်ငံတော်လုံခြုံရေး ထိန်းသိမ်း စောင့်ရှောက်မှု ဥပဒေဆိုင်ရာ ပြုပြင်မှုကို ချောမောစွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲဥပဒေ နှင့် ဥပဒေပြုရေးကော်စီ ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ ပြုပြင်မှုလုပ်ငန်းကို စနစ်တကျတွန်းအားပေးခဲ့ကြောင်း၊ ကာစီနိုရုံ စီမံခန့်ခွဲမှုကို ဥပဒေအရ အားဖြည့်ဆောင်ရွက်ခဲ့ကြောင်း၊ မကာအိုသမိုင်းတွင် ပထမဆုံး ဘက်စုံစနစ်ကျသော ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ရေးဆွဲခဲ့ကြောင်း၊ Hengqin ကွမ်တုံး-မကာအို နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေးဇုန် (Guangdong-Macao in-depth cooperation zone in Hengqin)တည်ဆောက်ရာတွင် အကျိုးသက်ရောက်မှုသစ်ရရှိစေရန် တွန်းအားပေးခဲ့ကြောင်း၊ ပြည်ပနှင့်ကူးလူးဖလှယ်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကို ဆက်တိုက် တိုးချဲ့ခဲ့ကြောင်း၊ မကာအိုစီးပွားရေးလျင်မြန်စွာ နာလန်ပြန်ထူလာခဲ့ကြောင်း၊ လူမှုရေးသည် လိုက်ဖက်ညီညွတ်မှု နှင့် တည်ငြိမ်မှုကို ထိန်းထားကြောင်း၊ ဗဟိုအစိုးရသည် အုပ်ချုပ်ရေးမှူး ဟိုယားစင်နှင့် မကာအိုအထူးအုပ်ချုပ်ရေး ဒေသအစိုးရ၏လုပ်ငန်းများ အပေါ် အပြည့်အဝ အတည်ပြုကြောင်း ပြောကြားခဲ့ပါသည်။