နိုင်ငံဖြတ်ကျော် Sexy Chat ပြစ်မှုကျူးလွန်မှု အဖွဲ့၏ အရေးကြီးသော အကြီးအကဲကို မြန်မာ၌ ဖမ်းဆီးပြီး တရုတ်ပြည်သို့ ပြန်ပို့

(GMT+08:00)2023-12-19 14:04:07  

      

  နိုင်ငံဖြတ်ကျော် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှုကျူးလွန်မှုကို ဥပဒေနှင့်အညီ တိုက်ဖျက်ရန်အတွက် တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနသည် လုပ်ငန်းအဖွဲ့ကို မြန်မာနိုင်ငံသို့ စေလွှတ် ပြီး ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကာ မြန်မာ သက်ဆိုင်ရာ ဥပဒေစိုးမိုးရေး ဌာန၏ အကူအညီဖြင့် Sexy Chat ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်း ပြစ်မှု များ ကျူးလွန်သော အဖွဲ့၏ အရေးကြီးသည့် အကြီးအကဲ Sun  ကို ဖမ်းဆီးရမိခဲ့သည်။ မကြာခင်ရက်များက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် အဆိုပါ ပြစ်မှု ကျူးလွန်သူကို တရုတ် ရဲတပ်ဖွဲ့အား လွှဲပြောင်းပေးအပ်ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သည်။