တရုတ်နိုင်ငံ၏ သော့ချက်ကျသည့် ဆောင်ရွက်ချက်များသည် ကမ္ဘာကြီးအတွက် မည်မျှ အရေးကြီးပါသနည်း

(GMT+08:00)2023-12-19 09:56:25  

   ယခုနှစ်သည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည့် ၄၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးသည် တရုတ်နိုင်ငံ၏ အခြေအနေကို နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲ ခဲ့သည့်အပြင် ကမ္ဘာကြီးအတွက်လည်း အခွင့်အလမ်းများစွာကို ဆောင်ကြဉ်း ပေးလာပါသည်။

  တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဖြစ်သည့် သော့ချက်ကျသည့် ဆောင်ရွက်ချက်များသည် ကမ္ဘာကြီးအတွက် မည်မျှ အရေးကြီးပါသနည်း။

   လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်စီးပွားရေး စုစုပေါင်းပမာဏသည် ကမ္ဘာ့ စုစုပေါင်း ပမာဏ၏ ၁၂.၃ ရာခိုင်နှုန်း ရှိရာမှနေ ၁၈ ရာခိုင်နှုန်း အထိ တိုးမြင့်လာပြီး ကမ္ဘာ့ စီးပွားရေး တိုးတက်ရေးအတွက် နှစ်စဉ်ပျမ်းမျှ အကျိုးပြုစွမ်းဆောင်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းကျော် ရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံနှင့် ဒေသ ၁၄၀ ကျော်တို့၏ အဓိက ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံ ဖြစ်လာပါပြီ။ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး တိုးတက်မှုဆိုင်ရာ အရေးကြီးသည့် အင်ဂျင် တစ်ခု ဖြစ်ပြီး ယင်းသည် စီးပွားရေး တိုးတက်မှု အားနည်းနေသော မျက်မှောက်ကမ္ဘာကြီးအတွက် အထူး အရေးကြီးနေပါသည်။

   တရုတ်နိုင်ငံ တစ်လျှောက်လုံး ကျင့်သုံး ဖော်ဆောင်နေခဲ့သည့် တံခါးဖွင့်ရေး အတွေးအခေါ်နှင့် တံခါးဖွင့် ကမ္ဘာ့စီးပွားရေး တည်ဆောက်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်မှုများသည် နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းစနစ်အတွက် အခြေအနေသစ်များကို ဆောင်ကြဉ်းပေးလာပါသည်။ လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသည် Belt and Road အတူ တည်ဆောက်ရေး စီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု စီမံချက်များကို အဆိုပြုခဲ့ပါသည်။ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၊ ဝန်ဆောင်မှု ကုန်စည်ပြပွဲ စသည့် နိုင်ငံတကာ ကုန်စည်ပြပွဲများကို ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသည် အတူတိုင်ပင်၊ အတူ တည်ဆောက်၊ အတူ မျှဝေရေးကို တစ်လျှောက်လုံး စွဲကိုင် ဖော်ဆောင်ပေးပြီး ကမ္ဘာကြီးအား တရုတ်အခွင့်အလမ်းများကို အတူ မျှဝေခံစားရန် ကြိုဆိုပါသည်။ မကြာမီက ကျင်းပပြီးစီးခဲ့သည့် ၂၀၂၃ ခုနှစ် ဗဟိုစီးပွားရေးလုပ်ငန်း အစည်းအဝေးတွင်လည်း တရုတ်နိုင်ငံက အရည်အချင်းမြင့် တံခါးဖွင့်မှု တိုးချဲ့ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ချက်သစ်များကို ချမှတ်ထားခဲ့ပါသည်။ တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး ဖြစ်သည့် သော့ချက်ကျသည့် ဆောင်ရွက်ချက်သည် ကမ္ဘာကြီးအတွက် ပိုမို များပြားသော အခွင့်အလမ်းများကို ဖန်တီးပေးပါလိမ့်မည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။