ဂါဇာတွင် ဟားမတ်စ်၏ အကြီးဆုံး မြေအောက်လမ်းကြောင်းကို တွေ့ရှိသည်ဟု အစ္စရေး စစ်တပ်ဆို

(GMT+08:00)2023-12-19 15:33:51  

 

      အစ္စရေး ကာကွယ်ရေး စစ်တပ်မှ ယခုလ ၁၇ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ရာ အစ္စရေး စစ်တပ်သည် ဂါဇာ ကမ်းမြောင် ဒေသ မြောက်ပိုင်းနှင့် အစ္စရေး နယ်နိမိတ်ချင်း ဆက်စပ်နေသော အယ်ရေဇ် နယ်စပ်စခန်း အနီးတွင် ဟားမတ်စ် အဖွဲ့၏ အကြီးစား မြေအောက် လမ်းကြောင်း တစ်ခုကို တွေ့ရှိခဲ့ပြီး ယင်းသည် ဂါဇာတွင် ရှာဖွေတွေ့ရှိသော အကြီးဆုံး မြေအောက်လမ်ကြောင်း ဖြစ်ကြောင်း၊ ၄င်းမြေအောက် လမ်းကြောင်းသည် အယ်ရေဇ် နယ်စပ်စခန်းနှင့် မီတာ ၄၀၀သာ ကွာဝေးပြီး ၄ကီလိုမီတာ ရှည်ကာ မီတာ ၅၀ခန့်အနက် ရှိ၍ လမ်းကြောင်း၏ နေရာအချို့တွင် အကြီးစား မော်တော်ယာဉ် သွားလာနိုင်ကြောင်း၊ ၄င်းမြေအောက်လမ်းကြောင်းသည် လမ်းခွဲများ ရှိပြီး လျှပ်စစ်ဓာတ်အားပေး ကိရိယာနှင့် ရေသန့်စင်ရေး ကိရိယာများ တပ်ဆင်ထားကြောင်း၊ လက်ရှိအချိန်တွင် ၄င်းမြေအောက်လမ်းကြောင်းသည် ဂါဇာကမ်းမြောင် ဒေသမှ အစ္စရေး နယ်မြေအတွင်းသို့ ပေါက်ရောက်သည့် သက်သေအထောက်အထား မတွေ့ရှိသေးကြောင်း ဖော်ပြထားပါသည်။