ရှီကျင့်ဖိန်သည် လီကာချူ၏ အစီရင်ခံစာကို ကြားနာ

(GMT+08:00)2023-12-19 15:32:09  

တရုတ်နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဒီဇင်ဘာလ ၁၈ရက်နေ့ညနေပိုင်းက ပီကင်းမြို့တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး လီကာချူ(John Lee)နှင့် တွေ့ဆုံပြီး လက်ရှိဟောင်ကောင်အခြေအနေ နှင့် အထူးအုပ်ချုပ်ရေးဒေသ အစိုးရလုပ်ငန်း အစီရင်ခံစာကို ကြားနာခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ပြီးခဲ့သည့်နှစ်တစ်နှစ်တွင် အုပ်ချုပ်ရေးမှူးလီကာချူသည် အထူးအုပ်ချုပ်ရေးဒေသအစိုးရကို ဦးဆောင်ပြီး နိုင်ငံတော်လုံခြုံရေးကို ပြတ်သားစွာ ထိန်းသိမ်းခဲ့ကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသလွှတ်တော်စနစ်ကို ပြန်လည် ထူထောင်ခဲ့ကြောင်း၊ လွှတ်တော်ရွေးကောက်ပွဲကို ချောမောစွာဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ဟောင်ကောင်အား ကိုဗစ်-၁၉ရောဂါအခြေအနေမှ ရုန်းထွက်စေပြီး ပြန်လည်ရှင်သန်မှု ရရှိစေရန် တွန်းအားပေးခဲ့ကြောင်း၊ ဟောင်ကောင်၏ ထူးခြားသောအနေအထားနှင့် အားသာချက်ကို ထိန်းထားခဲ့ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးစွမ်းအား အဆက်မပြတ်တိုးများ လာခဲ့ကြောင်း၊ ဒေသခံပြည်သူများ၏ အခက်အခဲပြဿနာများကို ကြိုးစားစွာ ဖြေရှင်းခဲ့ ကြောင်း၊ ရှုပ်ထွေးမှုကနေ စီမံခန့်ခွဲရေးအထိ အခြေအနေကို ခိုင်မာစေခဲ့ကြောင်း၊ ဟောင်ကောင်အား စီမံခန့်ခွဲရေးမှ ရှင်သန်လာရေးအထိ တက်လှမ်းရန် တွန်းအားပေးခဲ့ ကြောင်း၊ ဗဟိုအစိုးရသည် အုပ်ချုပ်ရေးမှူး လီကာချူနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအစိုးရ၏လုပ်ငန်းများအပေါ် အပြည့်အဝအတည်ပြုကြောင်း ပြောကြားခဲ့ပါသည်။