ရှီကျင့်ဖိန်သည် ကူဝိတ်နိုင်ငံမှ Emir Nawaf ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2023-12-18 14:01:30  

၁၇ ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ကူဝိတ်နိုင်ငံမှ  ကူဝိတ် Emir အသစ် Mishal အား Emir Nawaf ကွယ်လွန်မှုအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။ ရှီကျင့်ဖိန်က တရုတ်အစိုးရနှင့် ပြည်သူများကိုယ်စား Emir Nawaf ကွယ်လွန်မှုအတွက် အလွန်ဝမ်းနည်းကြောင်းနှင့် Emir Nawaf ၏ ကျန်ရစ်သူမိသားစုနှင့် ကူဝိတ်ပြည်သူများအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ကြောင်း ဖော်ပြခဲ့သည်။ ထိုနေ့တွင်ပင် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် Nawaf ကွယ်လွန်မှုအတွက် ကူဝိတ်ဝန်ကြီးချုပ် Ahmad အား ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပြီး ကူဝိတ်အစိုးရ နှင့် Nawaf ၏ ကျန်ရစ်သူမိသားစုအား နှစ်သိမ့်ကြောင်း ဖော်ပြခဲ့သည်။