ရုရှားလေကြောင်း ကာကွယ်ရေးစနစ်က ယူကရိန်း မောင်းသူမဲ့ လေယာဉ် ၃၅ စင်းကို ပစ်ချခဲ့သည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနဆို

(GMT+08:00)2023-12-18 14:00:41  

  ဒီဇင်ဘာလ ၁၇ရက်နေ့က ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ ထိုနေ့ နံနက်အစောပိုင်းတွင် ရုရှားကာကွယ်ရေးစနစ်သည် လီဖေဇီခယ်ပြည်နယ်၊ လိုစ်ထိုဖ်ပြည်နယ်နှင့် ဖူလ်ကြာကယ်လ်ပြည်နယ်တို့မှာ ယူကရိန်း မောင်းသူမဲ့ လေယာဉ် ၃၅ စင်းကို ပစ်ချခဲ့ကြောင်း၊ ယူကရိန်း၏တိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရရှိသူမရှိကြောင်း ဖော်ပြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။