ရုရှားသည် နေတိုးနှင့် စစ်ဆင်ရန် ဆန္ဒမရှိဟု ပူတင် ဆို

(GMT+08:00)2023-12-18 14:00:15  

ရုရှားသမ္မတ ပူတင်သည် ရုရှား ရုပ်မြင်သံကြားဌာနတစ်ခု၏ အင်တာဗျူးကို လက်ခံဖြေကြားရာ တွင် ပထဝီနိုင်ငံရေး အကျိုးစီးပွားအရရော၊ စီးပွားရေး သို့မဟုတ် စစ်ရေး အကျိုးစီးပွားအရပါ ရုရှားသည် နေတိုးအဖွဲ့နှင့် စစ်ဆင်ရန် အကြောင်းရင်းမရှိကြောင်း၊ ရုရှားနှင့် နေတိုးနိုင်ငံများကြား ပြဿနာများမတည်ရှိသော်လည်း နေတိုးအဖွဲ့ကတော့ ရုရှားဖြစ်သည့် ပြိုင်ဘက်ကို မလိုလားသောကြောင့် လူ့ပယောဂဖြင့် ပြဿနာများ ဖန်တီးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ရုရှားမီဒီယာများက ဒေသစံတော်ချိန် ၁၇ ရက်နေ့မှာ ဖော်ပြခဲ့ကြပါသည်။