အင်ဒိုနီးရှား Malapi မီးတောင် ပေါက်ကွဲမှုကြောင့် လူ ၂၄ ဦး သေဆုံး

(GMT+08:00)2023-12-18 14:03:11  

ယခုလ ၁၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ Malapi မီးတောင် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၄ ဦးအထိ တိုးမြင့်လာခဲ့သည်။ အမျိုးသမီးတစ်ဦးမှာ ဆေးရုံသို့ရောက်ရှိပြီးနောက် ၁၃ ရက်အကြာတွင် သေဆုံးသွား ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ Malapi မီးတောင်သည် ဒီဇင်ဘာလ ၃ ရက်နေ့က ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် တောင်တက်သူ ၇၅ ဦး ပိတ်မိနေခဲ့ကာ ၄င်းတို့အနက် ၂၃ ဦး သေဆုံးသွားခဲ့သည်။