သမ္မတရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံး ဆိုင်ရာ ကော်မတီ ဒုတိယ ဥက္ကဋ္ဌ Hu Chunhua သည် မဒါဂတ်စကာ နိုင်ငံ သမ္မတ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်

(GMT+08:00)2023-12-18 14:02:26  

မဒါဂတ်စကာနိုင်ငံ သမ္မတ Rajoelina ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ Hu Chunhua သည် ဒီဇင်ဘာလ ၁၆ ရက်နေ့က မဒါဂတ်စကာ နိုင်ငံ အန်တာနာနာရီပိုမြို့တော်၌ ကျင်းပသည့် သမ္မတ Rajoelina ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ ၁၇ ရက်နေ့တွင် Rajoelina သည် အန်တာနာနာရီပို မြို့တော်၌ Hu Chunhua နှင့် တွေ့ဆုံခဲ့ပါသည်။

Hu Chunhua သည် သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးသောနှုတ်ခွန်းဆက်စကားနှင့် ကောင်းမွန်သော ဆုမွန်ကောင်းများကို Rajoelina အား တစ်ဆင့်ပြောပြပြီး၊ တရုတ်နိုင်ငံ သည် တရုတ်-မဒါဂတ်စကာ ဆက်ဆံမှု တိုးတက်ရေးကို အလွန်အရေးထား၍ နယ်ပယ် အသီးသီးတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများမြှင့်တင်ရန်နှင့် တရုတ်- မဒါဂတ်စကာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံမှု အဆင့်သစ်သို့ တွန်းအား ပေးရန် မဒါဂတ်စကာနှင့်အတူကြိုးပမ်းဆောင်ရွက်လိုပါကြောင်း ပြောကြားခဲ့ပါသည်။