အမေရိကန်သည် ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ပြီး နိုင်ငံတွင်း အိုးမဲ့အိမ်မဲ့သူ ဦးရေသည် အမြင့်ဆုံးသို့ ရောက်ရှိ

(GMT+08:00)2023-12-17 13:44:31  

အမေရိကန်အိမ်ရာနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ယခုလ ၁၅ ရက်နေ့က ထုတ်ပြန်သော ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာအရ လက်ရှိအချိန်တွင် အမေရိကန်၌ အိုးမဲ့အိမ်မဲ့သူ ဦးရေသည် ၆ သိန်း ၅သောင်းကျော်ရှိကာ ၂၀၀၇ခုနှစ်မှစပြီး ၎င်းကိန်းဂဏန်းအချက်အလက်များ စတင်ကောက်ယူခဲ့ပြီး ယခုနှစ်တွင် အမြင့်မားဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။ နေအိမ်ငှားရမ်းခများ တိုးလာခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် COVID-19 ကပ်ရောဂါများစသည့် အကြောင်းရင်းများစွာကြောင့် အိုးမဲ့အိမ်မဲ့သူများ တိုးလာခဲ့ခြင်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်ဟု  ဆင်ဟွာသတင်းဌာနမှ သတင်းအရ သိရပါသည်။