Leaders Talk-အီသီယိုးပီးယားနိုင်ငံရဲ့ သမ္မတဟောင်း Mulatu Teshome

(GMT+08:00)2023-12-17 18:05:25  

သူဟာ တရုတ်နိုင်ငံမှာ ဆယ်နှစ်ကျော် ပညာသင်ကြားခဲ့ပြီး ပီကင်းတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သူ ဖြစ်ပါတယ်။ ပညာသင်ယူမှုပြီးမြောက်ပြီး နိုင်ငံကိုပြန်လာတဲ့အခါမှာလည်း သူနဲ့ တရုတ်နိုင်ငံအကြား ရေစက်က မပြတ်ခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်မှာ မဲအများအပြားရရှိပြီး သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက်မှာ သူဟာ ပထမဆုံးခရီးစဉ်အဖြစ် တရုတ်နိုင်ငံကို လာရောက်ခဲ့ပါတယ်။ သူကတော့ အီသီယိုးပီးယားနိုင်ငံရဲ့ သမ္မတဟောင်း Mulatu Teshome ဖြစ်ပါတယ်။

တရုတ်နိုင်ငံကို ရောက်လာတဲ့အခါတိုင်း ဘယ်အချိန်မှာပြန်လာတာပဲဖြစ်ဖြစ် ကိုယ့်အိမ်ကိုပြန်ရောက်လာသလိုပါပဲ၊ တရုတ်နိုင်ငံက ကျွန်တော့်ရဲ့ “ဒုတိယမွေးရပ်မြေ” ဖြစ်တယ်၊ ကျွန်တော့်ကို နက်ရှိုင်းတဲ့အမှတ်တရတွေ ပေးခဲ့ပါတယ်၊ အထူးသဖြင့် ကျောင်းသားဘဝက အမှတ်တရတွေပါလို့ Mulatu Teshome က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ အတိတ်က နိုင်ငံအခြေအနေဟာ အီသီယိုးပီးယားရဲ့ လက်ရှိနိုင်ငံအခြေအနေနဲ့ လုံးဝကွဲပြားတယ်၊ တရုတ်နိုင်ငံထံမှ အတွေ့အကြုံတွေ လေ့လာသင်ယူနိုင်ပါတယ်၊ ဒါပေမဲ့ ပုံတူကူးချလို့မရဘူးလို့ Mulatu Teshome က ယူဆပါတယ်။ “တရုတ်နိုင်ငံထံမှ ကျွန်တော်တို့ သင်ယူနိုင်တဲ့တစ်ချက်က လက်တွေ့အခြေအနေနဲ့အညီ မှန်ကန်စွာလုပ်ဆောင်ခြင်း ဖြစ်ပါတယ်၊ ပြည်သူလူထုကိုဗဟိုပြုပြီး ပြည်သူလူထုရဲ့အကျိုးစီးပွားကို အစီအစဉ်ရေးဆွဲမှုရဲ့ ဗဟိုချက်မှာထားရှိကာ ပြည်သူလူထုကို ပြုပြင်ပြောင်းလဲမှုလုပ်ငန်းအတွင်းမှ အကျိုးခံစားရစေပါမယ်။”

အာဖရိကတိုက် ဒါမှမဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်ထားရှိတဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒက အလွန်ရှင်းလင်းတိကျမှုရှိတယ်လို့ Mulatu Teshome က ယူဆပါတယ်။ တရုတ်နိုင်ငံက မည်သည့်နိုင်ငံရဲ့ ပြည်တွင်းရေးကိုမှ ဝင်ရောက်စွက်ဖက်ဖို့ မကြိုးစားပါဘူး။ တရုတ်နိုင်ငံရဲ့အကူအညီကို လိုအပ်တယ်၊ ဘာကြောင့်လဲဆိုတော့ တရုတ်နိုင်ငံရဲ့အကူအညီတွေမှာ တောင်းဆိုမှုနှောင်ကြိုးတွေ မပါလို့ပါလို့ အာဖရိကနိုင်ငံအားလုံးက ဆိုကြပါတယ်။ တရုတ်နိုင်ငံက အာဖရိကနိုင်ငံတွေနဲ့ အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေကို ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီများပေးအပ်ရာမှာ အမှန်တကယ်ပဲ နှောင်ကြိုးတွေမပါခဲ့ပါဘူး။ ချစ်ကြည်ရင်းနှီးမှုသာ ပါရှိပါတယ်လို့ Mulatu Teshome က ပြောတယ်။