ရပ်ကွက်ထဲက ကိစ္စသေးလေးတွေက သူ့ရင်ထဲက ပြည်သူလူနေမှုဘဝကိစ္စကြီးတွေပါပဲ

(GMT+08:00)2023-12-17 16:01:09  

လတ်တလောတွင် ဗီယက်နမ်နိုင်ငံကို နိုင်ငံတော်ခရီးစဉ်သွားရောက်ပြီးတဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ သွားရောက်လေ့လာခဲ့ပါတယ်။ နန်နင်းမြို့ ဖန်လုံရပ်ကွက်က သူသွားရောက်လေ့လာတဲ့ ပထမဆုံးနေရာဖြစ်ပါတယ်

ဖန်လုံရပ်ကွက်ဟာ လူမျိုးစုမျိုးစုံ စုစည်းနေထိုင်တဲ့ရပ်ကွက်ဖြစ်ပါတယ်။ ဟန်လူမျိုး၊ ကျွမ့်လူမျိုး၊ ယောင်လူမျိုး၊ မုလောင်လူမျိုးစတဲ့ လူမျိုးစုပေါင်း ၁၅ ခုနေထိုင်ပါတယ်။ ယဉ်ကျေးမှုနှင့် အားကစားလှုပ်ရှားမှုအခန်းမှာ ရှီကျင့်ဖိန်ဟာ ရပ်ကွက်နေပြည်သူများ တရုတ်လက်ရေးလှလေ့ကျင့်ခြင်း၊ တိုင်းရင်းသားသီချင်းများ သံပြိုင်သီဆိုခြင်းတို့ကို စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ပြီး အားလုံးနဲ့အတူရင်းနှီးစွာ ဆွေးနွေးကူးလူးဖလှယ်ခဲ့ပါတယ်။

ရှီကျင့်ဖိန်က ရပ်ကွက်နေတိုင်းရင်းသားပြည်သူ အပြန်အလှန်ပိုမိုဆက်ဆံ၍ အားလုံးအပြန်အလှန်ရိုင်းပင်းကူညီကာ ရင်းနှီးသည့်မိတ်ဆွေများမိတ်ဖွဲ့ပြီး သင့်မြတ်သောအိမ်နီးချင်းများလုပ်ခြင်းဖြင့် သာယာချမ်းမြေ့သောအိမ်ရာဥယျာဉ် အတူတည်ဆောက်ရန်မျှော်လင့်ပါတယ်။ ရှီကျင့်ဖိန်က မြို့ပြလူနေရပ်ကွက်စီမံမှုကို အလွန်အလေးထားပြီး လူနေရပ်ကွက်သို့ အကြိမ်များစွာကိုယ်တိုင်သွားရောက်လေ့လာခဲ့ပါတယ်။ ရပ်ကွက်ထဲက ကိစ္စသေးလေးတွေက သူ့ရင်ထဲက “ပြည်သူလူနေမှုဘဝကိစ္စကြီး” တွေပါပဲ။