ကာတာနဲ့ အစ္စရေး အရာရှိများ တွေ့ဆုံပြီး ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ပြန်လည် ပြုလုပ်ရန် ဆွေးနွေး

(GMT+08:00)2023-12-17 13:46:05  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၆ ရက်နေ့က ကာတာ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Sheikh Mohammed bin Abdulrahman bin Jassim Al Thani နှင့် အစ္စရေး ထောက်လှမ်းရေးနှင့် Mossad အေဂျင်စီ  ဒါရိုက်တာချုပ် David Barnea တို့သည် ဥရောပတိုက်ရှိ မြို့တစ်မြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ ကြကြောင်း၊ ၎င်းတို့သည် ပါလက်စတိုင်းနှင့် အစ္စရေး အပစ်အခတ် ရတ်စဲရေး စေ့စပ်ဆွေးနွေးပွဲ ပြန်လည် ပြုလုပ်ရန်၊ ဂါဇာဒေသ၌အပစ်အခတ် ပြန်လည် ရပ်စဲရန်နှင့် ဖမ်းဆီးထားသူများအား ဆက်လက် လွှတ်ပေးရန် စသည့် အကြောင်းများကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း အမေရိကန် သတင်းဝက်ဘ်ဆိုက် Axios မှ သတင်းအရ သိရသည်။