C919 လေယာဉ်သည် ဗစ်တိုးရီးယား ဆိပ်ကမ်းကို ဖြတ်ကျော်ပျံသန်းပြီး ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ဂုဏ်ပြု

(GMT+08:00)2023-12-17 13:46:42  

ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် တရုတ် နိုင်ငံမှ ကိုယ်ပိုင် တီထွင်ထုတ်လုပ်ထားသော C919 အကြီးစား ခရီးသည်တင် လေယာဉ်သည် ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပျံသန်းပြီး ဟောင်ကောင် ဗစ်တိုးရီးယား ဆိပ်ကမ်းကို ဖြတ်ကျော်ပျံသန်းကာ ဟောင်ကောင်ကျွန်းကို နှစ်ကြိမ် လှည့်ပတ် ပျံသန်းခဲ့ကြောင်း၊ ဒေသခံပြည်သူ အများအပြားသည် ဗစ်တိုးရီးယား ဆိပ်ကမ်းသို့ လာရောက် ကြည့်ရှုကြကြောင်း ၊ ယင်းသည်  တရုတ် နိုင်ငံ မှ ကိုယ်ပိုင် တီထွင် ထုတ်လုပ်ထားသော စီးပွားဖြစ်လေယာဉ် ပထမဆုံးအကြိမ် ဟောင်ကောင်တွင် ပျံသန်းခြင်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

 ဟောင်ကောင် အထူး အုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး လီကျာချိူက အဆိုပါ သမိုင်းဝင် ပျံသန်းမှု  အတွက် ဝမ်းသာဂုဏ်ယူ မိကြောင်း လူမှု မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။