ဒစ်ဂျစ်တယ်ပိုးလမ်းမတည်ဆောက်၍ အကန့်အသတ်မဲ့ အပြန်အလှန်ချိတ်ဆက်မှုဖန်တီး ၊ ရှီကျင့်ဖိန်၏ ကွမ်ရှီးခရီးစဉ်တွင် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှုကို အလေးထား

(GMT+08:00)2023-12-17 15:59:21  

ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဗီယက်နမ်သို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ပြီးသည့် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အာဆီယံနိုင်ငံများနှင့် ကုန်းမြေပင်လယ်ပြင်ချင်း ချိတ်ဆက်နေသည့် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ သွားရောက်လေ့လာခဲ့ပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာရှိသည့် ကွမ်ရှီးဒေသသည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံတို့ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှု၏ ရှေ့ပြေးနှင့် အရေးပါပြတင်းပေါက်ဖြစ်သည်။ တရုတ်နိုင်ငံသည် အမြဲတစေ အာဆီယံကို အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၏ ဦးစားပေးလားရာနှင့် “Belt and Road” အရည်အသွေးမြင့် အတူတကွတည်ဆောက်သည့် အရေးပါဒေသအဖြစ် သဘောထားပါသည်။ ယခုနှစ် ရှေ့ ၁၁ လတွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ စုစုပေါင်းကုန်သွယ်ရေးပမာဏသည် တရုတ်ယွမ်ငွေ ၅.၈ ထရီလီယံရှိပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးစုစုပေါင်းပမာဏ၏ ၁၅.၃% ရှိသည်။ နှစ်ဦးနှစ်ဖက်သည် လေးနှစ်ဆက်တိုက် အပြန်အလှန်၏ အကြီးမားဆုံးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ခဲ့သည်။

တရုတ်-အာဆီယံ လွတ်လပ်စွာကုန်သွယ်ရေးဇုန် အဆင့်မြှင့် တည်ဆောက်လာသည်နှင့်အမျှ ကွမ်ရှီးနှင့် အာဆီယံ စီးပွားကုန်သွယ်ရေး ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုသည် တစ်နေ့တခြားပိုမိုရင်းနှီးလာသည်။

မကြာသေးမီက ကျင်းပပြီးစီးသည့် တရုတ်နိုင်ငံ ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် “အရည်အသွေးမြင့် တံခါးဖွင့်မှုအား တိုးချဲ့ခြင်း” ကို လာမည့်နှစ် တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်း၏ အရေးပါတာဝန်များ ၉ ခုအနက်တစ်ခုအဖြစ် ထားရှိထားသည်။ တရုတ်နိုင်ငံတံခါးဖွင့်သည့် အခင်းအကျင်းကြီးတွင် အရေးပါမဟာဗျူဟာမြောက် တည်နေရာရှိသည့် ကွမ်ရှီးဒေသသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများ ရှိနေပေသည်။