ရှီကျင့်ဖိန်က ကွမ်ရှီး၌ လေ့လာကြည့်ရှုရာတွင် လွတ်လွတ်လပ်လပ် တွေးတော စဉ်းစားပြီး ဆန်းသစ်တီထွင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်ပြီး ဖွံ့ဖြိုးတိုးတက်ကာ ကွမ်ရှီး၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြား

(GMT+08:00)2023-12-17 18:07:07  

   တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီက ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၌ လေ့လာကြည့်ရှုရာတွင်၊ ကွမ်ရှီးဒေသ အနေနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်ကို ပြည့်စုံ၊ မှန်ကန်၊ ဘက်စုံ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည့် အဓိက လုပ်ငန်းတာဝန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေသစ် တည်ထောင်ရေး ဖြစ်သည့် မဟာဗျူဟာမြောက် လုပ်ငန်းတာဝန်အတွက် အားသာချက်များကို အသုံးချပြီး ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လွတ်လွတ်လပ်လပ် တွေးတော စဉ်းစားပြီး ဆန်းသစ်တီထွင်ခြင်းဖြင့် ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တံခါးဖွင့်ပြီး ဖွံ့ဖြိုးတိုးတက်ကာ နယ်စပ် တိုင်းရင်းသား ဒေသများ၌ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပိုမို ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကွမ်ရှီး၏ တရုတ်အသွင်ပုံစံ ဆိုရှယ်လစ်လုပ်ငန်း တည်ဆောက်ရေးတွင် တိုးတက်မှုများ အဆက်မပြတ် ရရှိနိုင်ရန်နှင့် ကွမ်ရှီး၏ တရုတ်အသွင်ပုံစံ ခေတ်မီရေး တည်ဆောက်မှုတွင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ယခုလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရှီကျင့်ဖိန်သည် ကွမ်ရှီးဒေသ နန်နင်း၊ လိုင်ပင်း စသည့်မြို့များ၏ တံခါဖွင့်ရေး၊ လူနေရပ်ကွက်များ၊ စိုက်ပျိုးရေးနှင့် လုပ်ငန်းကုမ္ပဏီများ စီမံကိန်းများကို လေ့လာကြည့်ရှုခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။