ရှီကျင့်ဖိန်က ကွမ်ရှီးနှင့် ဤသို့ ချိန်းထားသည်

(GMT+08:00)2023-12-17 13:39:38  

   ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၏ နန်နင်း၊ လိုင်ပင်း စသည့်မြို့များသို့ သွားရောက်ပြီး ကွမ်ရှီး၏ တံခါးဖွင့်ရေး စီမံကိန်း၊ လူနေရပ်ကွက်၊ စိုက်ပျိုးရေး၊ လုပ်ငန်းကုမ္ပဏီ စတာတွေကို လေ့လာကြည့်ရှုခဲ့ပါသည်။

  လွန်ခဲ့သည့် ၁၃ နှစ်ခန့် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၀ ရက်နေ့မှာ ရှီကျင့်ဖိန်က ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၏ ကွမ်ရှီး ခန်းမတွင် ၁၁ ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တတိယ အကြိမ် အစည်းအဝေး၏ ကွမ်ရှီး ကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင် ရှီကျင့်ဖိန်သည် စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်သားထားသည့် သူဆယ်ကျော်သက် အရွယ်တုန်းက ကွမ်ရှီး ပြည်နယ် လီကျန်းမြစ်မှာ အတွေ့အကြုံများကို ပြောမိခဲ့ပြီး အချိန်ရလျှင် ကွမ်ရှီးကို သွားပြီး နေရာများစွာ ကို လေ့လာကြည့်ရှုသွားမည်ဟု လည်း ကိုယ်စားလှယ်များနှင့် ချိန်းထားခဲ့ပါသည်။

   တရုတ်ကွန်မြူနစ်ပါတီ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ ကျင်းပခဲ့ကတည်းက ရှီကျင့်ဖိန်သည် ကွမ်ရှီးကို သုံးကြိမ် သွားရောက် လေ့လာ ကြည့်ရှုခဲ့ပြီး ကွမ်ရှီး၏ ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် တည်ဆောက်ရေး လုပ်ငန်းအတွက် ဦးတည်ချက်များကို ညွှန်ပြပေးခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။