ရှင်ကျင့်မြို့သည် "ကောင်းကင်ပေါ်ကမြို့တော်" ကိုတည်ဆောက်-------ကျုံစန်မြို့မှ ရှင်ကျင့်မြို့အထိ အလှူရှင်၏နှလုံးကို ဒရုန်းဖြင့် ပို့ဆောင်ရန် မိနစ် ၂၀ သာကြာသည်

(GMT+08:00)2023-12-17 13:42:36  

ကွမ်တုန်းပြည်နယ် ရှင်ကျင့်မြို့သည် အမြင့်ပေနိမ့်ပျံသန်းမှု စီးပွားရေးနယ်ပယ်တွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရှင်ကျင့်လမ်းပန်းဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဌာနမှ ထုတ်ပြန်သော သတင်းအရ ယခုနှစ် ပထမ ၁၁ လအတွင်း ရှင်ကျင့်မြို့သည် စုစုပေါင်း ဒရုန်းလမ်းကြောင်းသစ် ၇၅ ခုကို ဖွင့်လှစ်ခဲ့ပြီး ဒရုန်းဆင်းသက်သည့်နေရာအသစ် ၆၉ ခုကို တည်ဆောက်ခဲ့ကာ ကုန်စည်တင်ဆောင်သည့် ဒရုန်းပျံသန်းမှုပေါင်း ၅၄၁၀၀၀ ပြီးစီးခဲ့သည်။ ကုန်စည်စီးဆင်းမှုပို့ဆောင်ရေး၊ မြို့ပြအုပ်ချုပ်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေးတို့ကို လွှမ်းခြုံထားပြီး "ကောင်းကင်ပေါ်ကမြို့တော်" တည်ဆောက်မှုသည် ကနဦးရလဒ်များကို ရရှိထားပြီဖြစ်ကြောင်း သိရပါသည်။ ဥပမာအားဖြင့်၊ အလှူရှင်၏နှလုံးကို ကျုံစန်မြို့ မှ ရှင်ကျင့်မြို့ သို့  ပို့ဆောင်ရာတွင် မိနစ် ၂၀ သာကြာပါသည်။ ကုန်းလမ်း ဖြင့် သယ်ယူပါက အချိန်ငါးဆ ပိုများလိမ့်မည်ဟုသိရပါသည်။