တရုတ်နိုင်ငံထုတ် ပထမဆုံး အကြီးစား အပျော်စီးသင်္ဘော "Adora Magic City"သည် ၎င်း၏ ပင်မ ဆိပ်ကမ်းသို့ ပြောင်းရွှေ့သွား

(GMT+08:00)2023-12-17 13:41:00  

ဒီဇင်ဘာလ ၁၅ရက်နေ့တွင် တရုတ်နိုင်ငံထုတ် ပထမဆုံး အကြီးစား အပျော်စီးသင်္ဘော "Adora Magic City" သည် ၎င်း၏ ပထမဆုံး ပင်မဆိပ်ကမ်းဖြစ်သည့် ရှန်ဟိုင်း Wusongkou အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသို့ သွားပြီး ၎င်း၏ ပထမဆုံး ခရီးအတွက် ပြင်ဆင်မှု များ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့တွင် "Adora Magic City"သည် ခရီးသည်များကို တင်ဆောင်ပြီး ရှန်ဟိုင်း Wusongkou အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှ ထွက်ခွာမည်ဖြစ်ပါသည်။