သူသည် ၄ နှစ် အချိန်ယူပြီး "လေတပ်လေဆိပ်" ဆောက်လုပ်

(GMT+08:00)2023-12-17 13:43:48  

Kang Li Yewen သည် စစ်ဘက်ဝါသနာရှင်တစ်ဦးဖြစ်သည်။သူသည် ငယ်စဉ်ကတည်းက တိုက်လေယာဉ်များကို အလွန်စိတ်ဝင်စားခဲ့သည်။ တိုက်လေယာဉ်များနှင့် ပိုမိုရင်းနှီးလိုသောကြောင့် နန်ကင်းလေကြောင်းနှင့်အာကာသတက္ကသိုလ်မှ လေယာဉ်ထုတ်လုပ်ရေးအင်ဂျင်နီယာဘာသာရပ်ကို လျှောက် ထား ခဲ့သည်။ ၂၀၂၀ ခုနှစ်အစောပိုင်းတွင် Kang Li Yewen သည် ၎င်း၏အားလပ်ချိန်များကို လေတပ် တိုက်လေယာဉ်မော်ဒယ်များထုတ်လုပ်ရန် အသုံးပြုခဲ့သည်။ ထုတ်လုပ်မှုအရေအတွက် များလာသည် နှင့်အမျှ ပြည်သူ့လေတပ်လေဆိပ်ပုံစံအဖြစ် ပေါင်းစည်းရန် စိတ်ကူးပေါ်လာခဲ့သည်။ ၂၀၂၃ ခုနှစ် အောက် တိုဘာလတွင် အပြီးသတ်သည့်  "လေဆိပ်" တွင် ပြည်သူ့လေတပ်မှ တိုက်လေယာဉ် မော်ဒယ် ၃၀ ကျော်၊ အရာရှိနှင့် စစ်သည် မော်ဒယ် ၁၆၀ ကျော်၊ ထောက်ပံ့ရေး ပစ္စည်း မော်ဒယ် ၁၃၀ ကျော်၊ ထောက်ပံ့ရေး ယာဉ် မော်ဒယ် အမျိုးအစား ၃၆ မျိုး အစီး ၆၀ ကျော် ၊ တာဝါတိုင်များ၊ အမိုးအကာများ စသည့်အဆောက်အဦများနှင့် LED မီးအလင်းရောင်စနစ်တို့ ပါဝင်ထား ပါသည်။