ဝမ်ယိသည် ဆော်ဒီအာရေဗျနှင့် အီရန် နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့များနှင့် စုပေါင်းတွေ့ဆုံ

(GMT+08:00)2023-12-16 17:02:24  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဉီးဆောင်အဖွဲ့ ကော်မတီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တရုတ်-ဆော်ဒီအာရေဗျ-အီရန် သုံးပွင့်ဆိုင် ပူးတွဲကော်မတီ ပထမအကြိမ် အစည်းအဝေးကို ကျင်းပရန် တရုတ်နိုင်ငံသို့လာရောက်သော ဆော်ဒီ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Waleed Elkhereji နှင့် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Bagheriတို့နှင့် ယခုလ ၁၅ ရက်နေ့က ဘေကျင်းမြို့တွင် စုပေါင်းတွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက သုံးပွင့်ဆိုင် ပူးတွဲကော်မတီ ပထမအကြိမ် အစည်းအဝေးကို အောင်မြင်စွာကျင်းပခြင်းအတွက် ထောမနာပြုပါကြောင်း၊ တရုတ်ပြည်ဘက်သည် အရှေ့အလယ်ပိုင်းဒေသပြည်သူများ ဖွံ့ဖြိုးတိုးတက်းရေး လမ်းကြောင်းကို လွတ်လပ်စွာ ရှာဖွေခြင်းနှင့် ဒေသတွင်းလုံခြုံရေးပြဿနာများဖြေရှင်းရန် အရှေ့အလယ်ပိုင်းနိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တစိုက် ထောက်ခံကြောင်း ပြောကြား ခဲ့သည်။