ဝမ်ယိသည် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီး Sisodiaနှင့် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ သံတမန်များနှင့် အသီးသီး တွေ့ဆုံ

(GMT+08:00)2023-12-16 17:02:54  

ဒီဇင်ဘာလ ၁၅ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဉီးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် တာဝန်သက်တမ်းကုန်ဆုံးတော့မည့် တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားသံအမတ်ကြီး၊ တရုတ်နိုင်ငံဆိုင်ရာသံတမန်အဖွဲ့ခေါင်းဆောင် Sisodiaနှင့်တွေ့ဆုံခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဝမ်ယိက တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ၁၇ နှစ်အတွင်း တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်မှု တိုးတက်ရေးအတွက်၊ တရုတ်နိုင်ငံဆိုင်ရာ သံတမန်အဖွဲ့က တရုတ်ပြည်ဘက်နှင့် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်အတွက် Sisoda ၏ အပြုသဘောဆောင်သော အကျိုးပြုဆောင်ရွက်မှုများကို ချီးကျူးပြောကြားခဲ့သည်။

 Sisodiaက ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံအကြား ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးတွင် ဆက်လက်အကျိုးပြုစွမ်းဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် ဝမ်ယိသည် ဘေကျင်း၌ တရုတ်နိုင်ငံဆိုင်ရာ အာဆီယံ ၁၀ နိုင်ငံမှ သံတမန်များနှင့်လည်း တွေ့ဆုံခဲ့သည်။

ဝမ်ယိက တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံအများစုနှင့် ကံကြမ္မာတူအသိုက်အဝန်းအတူတည်ဆောက်ရေး နှင့်ပတ်သက်၍  သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံနိုင်ငံများ၏ ယုံကြည်အားကိုးရသော ရေရှည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်လက် ဖြစ်သွားမည်ဖြစ်ပြီး အာရှ၏ ခေတ်မီ တိုးတက်ရေး ဖြစ်စဉ်ကို ပူးတွဲမြှင့်တင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။