ရှီကျင့်ဖိန်သည် အပူချိန်နိမ့်ခြင်း၊ဆီးနှင်းရေခဲ အအေးဒဏ် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်

(GMT+08:00)2023-12-16 17:04:40  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အပူချိန်နိမ့်ခြင်း၊ဆီးနှင်းရေခဲ အအေးဒဏ် ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့သည်။

ယခုလောလောဆယ်တွင် တရုတ်နိုင်ငံတစ်ဝှမ်း နေရာအများအပြားတွင် ဆီးနှင်းများ ထူထပ်စွာကျဆင်းခဲ့ပြီး လျှပ်စစ်ဓာတ်အား၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပြည်သူလူထုတို့၏ ကုန်ထုတ်လုပ်မှုနှင့် နေထိုင်မှုအပေါ် ထိခိုက်မှုများစွာဖြစ်စေ ခဲ့ ကြောင်း၊ ရာသီဥတုပြောင်းလဲမှုများကို အာရုံစိုက်ရန်၊ စောင့်ကြည့် အကဲဖြတ်မှုကို အားဖြည့်ရန်၊ ကြိုတင်သတိပေးချက်နှင့် ကြိုတင်ခန့်မှန်းချက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရန် လိုအပ်ကြောင်း၊ ယာဉ်အသွားအလာနှင့် ဓာတ်အားစစ်ဆေးခြင်းများကို အားဖြည့်ရန်၊ ရေခဲနှင့် ဆီးနှင်းများကို အချိန်နှင့်တစ်ပြေးညီ ဖယ်ရှားရန်နှင့် ယာဉ်လမ်းကြောင်းကွန်ရက်နှင့် ဓာတ်အားလိုင်းများ လုံခြုံချောမွေ့မှုရှိစေရန် လိုအပ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ ရှီကျင့်ဖိန်က သက်ဆိုင်ရာဒေသများနှင့် ဌာနများသည် တာဝန်များကို လက်တွေ့ကျကျဆောင်ရွက်ပြီး ကြိုတင်ကာကွယ်မှု အစီအမံများကို အသေးစိတ်ကျအောင်ဆောင်ရွက်ရန်၊ အရေးပေါ်အစီအမံများ ပိုမိုကောင်းမွန် ပြည့်စုံ အောင် မြှင့်တင်ရန်၊ ဖြစ်နိုင်ဖွယ်ရာ အန္တရာယ်များ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်နှင့် ပြည်သူလူထုများအား လုံခြုံနွေးထွေးသော ဆောင်းရာသီကူးနိုင်ရန်အတွက်  အစွမ်းကုန် ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။