အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနား ကျင်းပ

(GMT+08:00)2023-12-16 17:05:36  

အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနားကို ဒီဇင်ဘာလ ၁၄ရက်နေ့ညတွင် ဝါရှင်တန်၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံသမ္မတ ဘိုင်ဒင်တို့သည် ဂုဏ်ပြုသဝဏ်လွှာများ ပေးပို့ခဲ့ကြပြီး အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Yellen အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှေ့ဖုန်းနှင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Burnsတို့ ယင်းအခမ်းအနားကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြပါသည်။

သံအမတ်ကြီး ရှေ့ဖုန်းက တရုတ်-အမေရိကန်နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်များ ဆန်ဖရန်စစ္စကိုတွင် အောင်မြင်စွာ တွေ့ဆုံမှုသည် အရေးကြီးသော အခိုက်အတန့်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးကို တည်ငြိမ်စေပြီး ရှုပ်ထွေးပြီးပြောင်းလဲမှုများပြားသော ကမ္ဘာကြီးအတွက် အပြု သဘောဆောင်သော အင်အားကို ထည့်သွင်း ပေးကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ပထမအချက်အနေနှင့် ကတိတည်ပြီး ဆန်ဖရန်စစ္စကို အစည်း အဝေးတွင် ရရှိခဲ့သည့် အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ ဒုတိယအနေနှင့် စီးပွားရေးတွင် နိုင်ငံရေးအရ နှောင့်ယှက်မှုများကို ဖယ်ရှားရမည်ဖြစ်ကြောင်း၊ တတိယအနေနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။